
Student Account ရှိပြီးဖြစ်ပါက Username နှင့် Password နေရာတွင် မှန်ကန်စွာဖြည့်သွင်း၍ Log In ဝင်ရောက်ရမည် ဖြစ်ပါသည်။Student Account မရှိပါက Register Now ကိုနှိပ်၍ Student Account တစ်ခုကို ပြုလုပ်ရပါမည်။
New Student Sign Up Button သည် UCS(MDY) သို့ တက်ရောက်ခွင့်ရရှိသော ပထမနှစ် ကျောင်းသားများအတွက်ဖြစ်ပြီး UCS(MDY) Student Sign Up Button သည် UCS(MDY) တွင် ပညာသင်ကြားလျှက်ရှိသော ဒုတိယနှစ် မှ ပဥ္စမနှစ် အထိ ကျောင်းသားများအတွက်ဖြစ်ပါသည်။

New Student Register button ကိုနှိပ်လျှင် မြင်ရမည့်ပုံဖြစ်ပြီး
အချက်အလက်များကို ပြည်ထောင်စု font ဖြင့်သာ ဖြည့်သွင်းရမည်။
UCSM Student Register button ကိုနှိပ်လျှင် မြင်ရမည့်ပုံဖြစ်ပါသည်။
အချက်အလက်များမှန်ကန်ပါက ပြထားသကဲ့သို့ Username ထုတ်ပြပေးပြီး password နှင့် confirm password ကို ထည့်ပေးရပါမည်။
အချက်အလက်တစ်ခုခု မှားယွင်းခဲ့ပါက "အချက်အလက်များမှားယွင်းနေပါသည်" message ပေးပါသည်။
password နှင့် Confirm password တူလျှင် "Changed Password Successfully" message ပေးပါသည်။
password နှင့် Confirm password မတူလျှင် "Password and Confirm password must be the same" message ပေးပါသည်။
Log in ဝင်ရောက်သည့်အခါတွင် Username နှင့် password ကိုက်ညီမှုမရှိပါက "Incorrect Username and password" message ပေးပါသည်။

ကျောင်းသားတစ်ယောက်login ဝင်ပြီးလျှင် မြင်ရသည့်viewတွင် လက်ရှိပညာသင်နှစ်၏ Sem တစ်ခုအတွက် register မလုပ်ရသေးလျှင် အောက်ပါပုံကဲ့သို့ မြင်ရမည်ဖြစ်ပါသည်။

ကျောင်းသားတစ်ယောက်မှ လျှောက်လွှာဖောင်အချက်အလက်များအား ဖြည့်သွင်း၍လျှောက်လွှာဖောင်တင်ပြီးသည့်အခါတွင် အောက်ပါအတိုင်း မြင်တွေ့ရပါမည်။

လျှောက်လွှာဖောင် အား ကျောင်းသားရေးရာမှ စစ်ဆေးအတည်ပြုရာတွင် မှားယွင်းမှုရှိပါက မည်သည့်အချက်အလက်များမှားယွင်းနေသည်ကို ဖော်ပြထားသည်ကို အောက်ပါအတိုင်းမြင်ရမည်ဖြစ်ပါသည်။

ကျောင်းသားရေးရာမှ ကျောင်းသားမှတ်ပုံတင်ခြင်းကို အတည်ပြုပေးပြီးလျှင် Payment button ကိုနှိပ်ပြီး ကျောင်းလခသွင်းခြင်းလုပ်ဆောင်နိုင်ပါသည်။